"Global & Local Blog ကိုလာလည်ကြတဲ့ မိတ်သဟာ အားလုံးကို အထူးကျေးဇူးတင်ရင်း၊ ခင်မင်ရင်းနီးနွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ နောင်လည်းမကြာမကြာလာလည်ဖို့ဖိတ်ခေါ်ပါတယ်နော်။ ဘိုဘို(စိုက်ပျိုးရေး) ။"

Sunday, 17 April 2011

Asian Happy New Year

ကျွန်တော်တို့ Hankyong National University မှာ KOICA Scholarship  အစီအစဉ်နဲ့တက်ရောက်နေကြတဲ့ ကျောင်းသား/သူ များကတော့ နိုင်ငံပေါင်း (၁၄)နိုင်ငံမှ ကျောင်းသား (၁၅) ဦးနဲ့ ကျောင်းသူ (၅) ဦး စုစုပေါင်း (၂၀) ခန့်ရှိပါတယ်။ နိုင်ငံတွေကတော့ အာရှမှ မွန်ဂို၊ဗီယက်နမ်၊လာအို၊မြန်မာ၊ဘဂ်လားဒေ့ရှ်၊ နီပေါလ်၊သီရိလက်ာ၊အီရတ်၊ဖီဂျီ  နဲ့ အာဖရိကမှဆိုရင် ဂါနာ၊တန်ဇန်းနီးယား၊ဇင်ဘာဘွေ၊ကင်ညာ၊ အီသီယိုးပီးယား တို့မှဖြစ်ပါတယ်။ မြန်မာပြက္ခဒိန်အရ ၂၀၁၁ ခုနှစ် ဧပြီလ ၁၈ ရက်၊ တန်ခူးလပြည့် နေ့တွင် Asian Happy New Year ကို HKNU တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လာအို၊မြန်မာ နှင့် သီရိလက်ာနိုင်ငံ သုံးနိုင်ငံမှ ကျောင်းသားများက စုပေါင်းကျင်းပသွားမှာဖြစ်ပါတယ်။ အခမ်းအနားအစီအစဉ်အရ ပထမဆုံး အဖွင့်အမှာစကားပြောကြားပြီးသွားရင် နိုင်ငံတစ်နိုင်ငံဆီရဲ့ ရိုးရာနှစ်သစ်ကူး ကျင်းပပုံနဲ့နောက်ခံသမိုင်း၊ နှစ်သစ်ကို ကြိုဆိုပုံ တွေကို တစ်နိုင်ငံလျှင် (၁၀) မိနစ်ခန့် Power Point (or) Documentary အနေနဲ့တင်ပြခွင့်ရမှာဖြစ်ပါတယ်။ အစားအစာနေနဲ့ကတော့ မြန်မာနိုင်ငံ မှ လ္ဘက်သုပ်၊ လာအို နိုင်ငံမှ သွားရေစာ မုန့်နှင့် သီရိလက်ာ မှ လ္ဘက်ရည်ချမ်း ဖြင့် တည်ခင်းဧည့်ခံမှာဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ ကြက်သားဟင်းနဲ့ ထမင်းကို ညစာအဖြစ်တည်ခင်း ဧည့်ခံကျွေးမွေးမှာဖြစ်ပြီး အခမ်းအနားကို ရုတ်သိမ်းဖို့စီစဉ်ထားပါတယ်။ အခမ်းအနား စတင်ချိန်ကတော့ ညနေ (၄) နာရီဖြစ်ပြီး တက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ (စီမံ) နဲ့ သင်ကြားရေး ပါမောက္ခများအပြင် အခြား ကိုရီးယား ကျောင်းသားများစွာလည်း တက်ရောက်မှာဖြစ်ပါတယ်။

                 In Hankyong National University, there are 20 students from 14 different countries who are attending Master degree program sponsored by KOICA. The students are from Bangladesh, Ethiopia, Fiji, Ghana, Iraq, Kenya, Laos, Mongolia, Myanmar, Nepal, Sri Lanka, Tanzania, Vietnam, Zimbabwe of which 15 are male studensts and 5 are female. According to our Asian calendar, 18 April 2011 is the fullmon day (moonlit day) and we will celebrate our Asian Happy New Year in our HKNU campus. According to the program, it will start with the opening speech and then five students from Laos, Myanmar and Sri Lanka will share their cultural norms and experiences, how they celebrate the end of the year and welcome their happy new year through Power Point (or) Documentary and it will last about 10 minutes for each country. Meanwhile, the guest will be served by pickled tea leaf salad from Myanmar, snack from Laos and Green tea from Sri Lanka. Afterthat, we will host the participants with dinner prepared by our traditional cuisine ckicken and rice. The program will start at 4;00 pm in the evening and the President of the Hankyong National University, Dean of the University, Professors from different department and some staff and students are expected to participate in this event.


No comments:

Post a Comment